International News

မကြာမီခူးဆွတ်ရိတ်သိမ်းမည့်သစ်သီးဝလံများကို ရောင်းချရန် စူပါမားကက်များအား တာဝန်ပေး

Last Updated:

အစိုးရအနေဖြင့် သစ်သီးရိတ်သိမ်းရာသီအတွင်း တန်ဖိုးအားဖြင့် ဘတ်ငွေ (၇၇၂) သန်းတန်ဖိုးရှိ သစ်သီးတန်ချိန်ပေါင်း (၁၆,၇၀၀) ကို ခေတ်မှီကုန်ရောင်းကုန်ဝယ် လုပ်ငန်းလုပ်နေသူ (၅) ဉီးနှင့် စုပေါင်း ရောင်းချရန်စီစဉ်လျှက်ရှိနေပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Mr.Jurin ကလာမည့် (၃-၄) လအတွင်း ခူးဆွတ်ရိတ်သိမ်းမည့်သစ်သီးများကို ဖြန့်ဖြူးရန်အတွက်လမ်းကြောင်း (Channel) အဖြစ်ဆောင်ရွက်ရန် Big C TescoLotus The Mall Makro Tops Market စသည့် ဈေးဝယ်စင်တာကြီး (၅) ခုနှင့် နားလည်မှုစာချွန်လွှာ (MOU) ကို မတ်လ (၉) ရက်နေ့တွင် ရေးထိုးခဲ့ပါသည်။ အဆိုပါ MOU အရ ပါဝင်သော ခေတ်မှီကုန်သွယ်ရေး အော်ပရေတာ (ဈေးဝယ်စင်တာ) ကြီးများသည် ချင်းမိုင်၊ လမ်ဖူနန်၊ ဆူခိုထိုင်း၊ တပ်ခ်နှင့် ချွန်းဘူရီတို့မှ တောင်သူများ၊ လယ်သမားအုပ်စုများ၊ ရပ်ရွာအခြေပြု စီးပွားရေး လုပ်ငန်းများနှင့် လိမ္မော်သီး၊ လောင်ဂန်သီး၊ လိုင်ချီးသီး၊ ဒူးရင်းသီး၊ မင်းဂွတ်သီးတို့အပါအဝင် သစ်သီး (၉) မျိုးအား ဝယ်ယူရေးစာချုပ် (၄၀) ကို လက်မှတ်ရေးထိုး ခဲ့ပါသည်။

မစ္စတာဂျူရင်က ခရိုင်အတွင်းရှိ ဝန်ကြီးဌာနမှ တာဝန်ရှိသူများအနေဖြင့် တတ်နိုင်သမျှ သစ်သီးများရောင်းချနိုင်ရန်တာဝန်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ယခုလ အစောပိုင်းက စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနှင့် လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနတို့အနေဖြင့် ပြည်တွင်းဈေးကွက်ကို အာရုံစိုက်ဆောင်ရွက်နိုင် ရေးအတွက် ထုတ်လုပ်မှုပိုင်းဆိုင်ရာစီမံခန့်ခွဲမှု၊ ဖြန့်ဖြူးရေးလမ်းကြောင်းများ၊ ကုန်သည်များအကြား စီးပွားရေးဆိုင်ရာတွေ့ဆုံဆွေးနွေးပွဲများ၊ သွင်းကုန်တင်သွင်းသူများ နှင့် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များ၊ ဘဏ္ဍာရေးဆိုင်ရာအထောက်အပံ့ပိုင်းများနှင့် လုံခြုံစိတ်ချရသောစံချိန်စံညွှန်းအပိုင်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အဖွဲ့ဖွဲ့စည်းဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါ အစီအစဉ်အရ အစိုးရအနေဖြင့် ပထဝီဝင်အနေအထားအရ အလုပ်သမားဆိုင်ရာ ရွှေ့ပြောင်းမှုအပေါ် အတိုင်းအတာတစ်ခုအထိ လျှော့ချပေးရန် ကတိပေးခဲ့ပါ သည်။ အထူးသဖြင့် လယ်သမားများနှင့် သစ်သီးခူးဆွတ်သူများအတွက် ဖြစ်ကြောင်း၊ မျှတသော ကုန်သွယ်ရေးယှဉ်ပြိုင်မှုကို သေခြာစေရန် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု များအတွက် ဈေးနှုန်းအက်ဉပဒေကိုကျင့်သုံးခြင်း၊ ကန်ထရိုက်လယ်ယာမြေစနစ်၊ လယ်သမားများနှင့် ကုန်ပစ္စည်းထုတ်လုပ်သူများ၊ ကုန်သည်များ၊ စူပါမားကက်များ အကြားဆက်သွယ်မှုလမ်းကြောင်းကို မြှင့်တင်ရန်တို့ဖြစ်ပါသည်။

ထိုင်းစာတိုက်လုပ်ငန်းအနေဖြင့် သစ်သီးများဖြန့်ဖြူခြင်းနှင့်ပတ်သက်၍ တာဝန်ယူဆောင်ရွက်သွားရန်ဖြစ်ပြီး အစိုးရမှ ဖြန့်ဖြူးစရိတ်ကြေးအား ထောက်ပံ့ပေးရန်နှင့် ထုတ်လုပ်သူ producers များအား အွန်လိုင်းအရောင်းနှင့်ပတ်သက်၍ သင်တန်းများပေးသွားမည်ဖြစ်ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Source:Bangk Post                                                                

Category: International News